Myanmar Transparency News

မွန်ပြည်နယ်၊ ရွှေနတ်တောင်ဘုရားလမ်းဝမှာ ခုတ်ဖြတ်ခံရတဲ့ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦးသေဆုံး

၃၁.၇.၂၀၂၅
Written by Hey Mar

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဂွေးကုန်း‌ကျေးရွာအုပ်စု၊ ရွှေနတ်‌တောင် ဘုရားလမ်းဝမှာ အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာများစွာနဲ့ လဲကျနေတဲ့‌အကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာကို အကြောင်းကြားလာတာကြောင့် ဒေသခံလူမှုကူညီရေးအသင်းက ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ် ဒီနေ့ မနက် အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
‌
သေဆုံးသူက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရှိရသေးဘဲ ရင်ဘတ် ဓားခုတ်ဒဏ်ရာနဲ့ လက်တစ်ဖက် လက်မောင်းအရင်းနားက ပြတ်ထွက်ဒဏ်ရာရရှိကာ သွေးအိုင်ထဲ သေဆုံးနေတာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ရွေနတ်တောင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရပ်ကွက်၊ သက်ဆိုင်ရာတာဝန်ရှိသူ‌တွေရဲ့ စစ်ဆေးမှုတွေအပြီး မော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံဆီ အသင်းပိုင်ယာဉ်နဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News