Myanmar Transparency News

ခလရ (၂၇၃) ကနေ CDM လုပ်ပြီး ဝေဟင်တပ်ဘက်ကူးသွားသူ PDF ဆပ်ပြာ ပန်းတင်အင်းတိုက်ပွဲမှာ စနိုက်ပါကျည်က ကျည်ကာဦးထုပ်ဖောက်ဝင်ပြီး ခေါင်းမှန်လို့ ပွဲချင်းပြီးသေဆုံး

၂. ၈. ၂၀၂၅
Written by Nay Moe

ခလရ (၂၇၃) ကနေ CDM လုပ်ပြီး ဝေဟင်တပ်ဘက်ကူးကာ PDF ဖြစ်သွားသူ ရဲဘော်ဆပ်ပြာဟာ ပန်းတင်အင်းတိုက်ပွဲမှာ စနိုက်ပါကျည်က ကျည်ကာဦးထုပ်ဖောက်ဝင်ပြီး ခေါင်းမှန်လို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေါနတပ်ခွဲ – ၆ ရေဖြူတောင်ပိုင်း၊ ဝေဟင်တပ်ဖွဲ့ဘက်က ဒီနေ့အတည်ပြုထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဇူလိုင် ၂၉ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ပါ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ရာက ကံပေါက်အခြေစိုက် ခလရ (၂၇၃) ကနေ CDM လုပ်လာတဲ့ PDF ရဲဘော်ဆပ်ပြာဟာ ဦးခေါင်းက ကျည်ကာဦးထုပ်ကို ဖောက်မှန်ပြီး ပွဲချင်းပြီးသေခဲ့တာလို့လည်း ဆိုပါတယ်။

တိုက်ပွဲမှာ ပွဲချင်းပြီးသေဆုံးသူ CDM တပ်သား ရဲမင်းမောင် (ခ) PDF ဆပ်ပြာရဲ့ အသုဘကို ဇူလိုင် ၃၁ ရက် နေ့လယ်မှာ ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News