Myanmar Transparency News

ဝက်တင်ကားက လမ်းအောက်ကြောမှာ ရပ်ထားစဉ် လားရာတူ အိမ်စီးယာဉ်ငယ်က နောက်ကနေ အရှိန်နဲ့ ဝင်တိုက်လို့ လူနှစ်ဦးသေဆုံး

၈ .၈ .၂၀၂၅
Written by Hey Mar

လမ်းပေါ်ရပ်တန့်ထားတဲ့ ကုန်ကားရဲ့ နောက်ပိုင်းကို အိမ်စီးကားက ဝင်တိုက်လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် သထုံမြို့အနီးက ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်မှာ ဒီနေ့ဩဂုတ်လ ၈ ရက် မနက် ၈ နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေသိရပါတယ်။

ဖြစ်စဉ်က သထုံဘက်ကနေ‌ ဝက်တွေတင်ကာ မောင်းနှင်လာတဲ့ကုန်ကားတစ်စီးက ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်၊ တောင်ကလေးကျေးရွာအနီး လမ်းခုလပ်မှာ ယာဉ်ကိုအောက်ကြောမှာချရပ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က ကားပေါ်ကဝက်တွေ အပူဒဏ်ခံနိုင်အောင် ရေပက်ဖြန်း‌ပေးနေစဉ် လားရာတူမောင်းနှင်လာတဲ့ အိမ်စီးယာဉ်ငယ်က နောက်ကနေအရှိန်နဲ့ဝင်တိုက်တာလို့ သိရပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဝက်တင်လာတဲ့ ကုန်ကားက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်စလုံး နေရာတင် သေဆုံးခဲ့တာကြောင့် ရှင်သန်‌ရေးနှင့် နာရေးကူညီမှုအသင်းက ဘီးလင်းဆေးရုံရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးထားကာ သက်ဆိုင်ရာကလည်း မိသားစုနဲ့ ရှာဖွေချိတ်ဆက် ကူညီပေးနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News