Myanmar Transparency News

မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းလာတက်တဲ့ အမျိုးသမီးငယ်တစ်ဦး မိမိကိုယ်ကိုယ် ဒီဇယ်လောင်းကာ မီးရှို့​ပြီး အဆုံးစီရင်မှုဖြစ်ပွား

၁၂ .၈.၂၀၂၅
Written by Hey Mar

ကယားပြည်နယ်ဘက်ကနေ မီတ္ထီလာမှာ သူနာပြုသင်တန်းကျောင်း လာရောက် တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူတစ်ဦး ကျောင်းအိမ်သာမှာ မိမိကိုယ်ကိုယ် ဒီဇယ်လောင်းကာ မီးရှို့အဆုံးစီရင်မှုဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၂ ရက် မနက်အစောပိုင်းက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

MT News

ကျောင်းသူရဲ့ အမည်က မပြည့်ပြည့်ဝင်း
အသက် (၂၀) ဝန်းကျင်လို့ ခန့်မှန်းရပြီး
သင်တန်းဆင်းရန် (၅)လဝန်းကျင်လောက်သာကျန်တော့ချိန် ရေချိုးခန်းအိိမ်သာပါ
တွဲလျှက်ပါတဲ့ (၃)လုံးတွဲ အိမ်သာခန်းတစ်ခုအတွင်းမှာ အခန်းအတွင်းတံခါးဂျက်ထိုးပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

MT News

“ရေချိုးခန်း တံခါးရှေ့ အလောင်းက ပိတ်နေတာ လှေခါးထောင်တက် အောက်ဆင်း ဂျက်ဖြုတ် အဲ့ဒီလို‌ ဆောင်ရွက်ဖို့ကလည်း မီးက မီးခိုးထွက်တာအကင်းမသေသေးဘူး။ ဆရာဆရာမတွေလည်း ကြောက်လန့်သွားကြတယ်။ ဖြစ်ရပ်‌ကြောင့်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

MT News

အဆိုပါအမျိုးသမီးငယ် အခုလိုဖြစ်ပွားတာကို မီးခိုးညှော်နံ့ထွက်လာမှ ပတ်ဝန်းကျင်က သိရှိကြပြီး မနက် ၂ နာရီဝန်းကျင်ကတည်းက အခုလိုလုပ်ဆောင်သွားတယ်လို့ ခန့်မှန်းရကာ တာဝန်ရှိသူ‌တွေက မနက်(၄)နာရီမှာ ရောက်ရှိ စုံစမ်းစစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို ဒေသခံပရဟိတအသင်းယာဉ်နဲ့ ပြည်သူ့ဆေးရုံရင်ခွဲရုံဆီပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News