Myanmar Transparency News

မောင်တောက AA စခန်းကို ဘင်္ဂါလီ ARSA ဝင်တိုက်၊ ရခိုင် AA ငါးဦးသေ

၁၃. ၈. ၂၀၂၅
Translated by Nay Moe

မောင်တောက ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA စခန်းကို ဘင်္ဂါလီအကြမ်းဖက် ARSA အဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုမှာ ရခိုင် AA ငါးဦးသေဆုံးသွားတယ် ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းမှာ ARSA ဟာ မောင်တောမြို့နယ်၊ တောင်ပြိုလက်ယာ (တုံဂရို) က AA စခန်းနှစ်ခုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး ဒီတိုက်ပွဲက ည ၁၁ နာရီမှာ စတင်ကာ ၁၁ နာရီ ၅၀ မှာ ပြီးဆုံးသွားပါတယ်။

ARSA ရဲ့ တိုက်ခိုက်မှုကြောင့် AA ငါးဦးသေဆုံးတဲ့အပြင် AA ၁၅ ဦးအထက်ကလည်း ဒဏ်ရာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ARSA က ထုတ်ပြန်ထားပေမဲ့ AA ကတော့ ဒီဖြစ်ရပ်ကို ဝန်ခံထားခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီအားကောင်းရာ ဒေသတွေမှာ AA တပ်ဖွဲ့ဝင်တွေကို ARSA က မကြာခဏ တိုက်ခိုက်သတ်ဖြတ်နေတာ အမှန်တကယ်ဖြစ်သလို လက်ရှိတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရသူမရှိဘူးလို့ ARSA ပြောပါတယ်။

မူရင်းသတင်း — Myanmar Transparency News