Myanmar Transparency News

ကုန်တင်ကား‌ကို ခေါင်းလှန်ပြီး ရေဖြည့်နေစဉ် ကားခေါင်းပြန်ပြုတ်ကျလို့ ယာဉ်မောင်း ဦးခေါင်းခွံကွဲကာ နေရာတင်သေဆုံး

၁၈.၈.၂၀၂၅
Written by Hey Mar

ကုန်တင်ကား‌ခေါင်းလှန်ပြီး ရေဖြည့်နေစဉ် ကားခေါင်းပြန်ပြုတ်ကျလို့ ယာဉ်မောင်း ဦးခေါင်းခွံကွဲကာ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၁၇ ရက်နေ့က စစ်ကိုင်းမြို့၊ နတ်ခရိုင်နဲ့ နုံးတွင်းကြားမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှု‌ကူညီ‌ရေးအသင်းထံက‌နေ သိရပါတယ်။

သေဆုံးသူက အသက် ၄၀ ဝန်းကျင်အရွယ်လို့ သိရပြီး ခြောက်ဘီးကုန်တင်ကားမှာ ကုန်အပြည့်တင်ဆောင်ကာ ရွှေဘိုဘက်ကို တက်မယ့်ကားလို့ သိရပါတယ်။

စစ်ကိုင်း အိုးဘို Recuseမှ တာဝန်ရှိသူက “ဖုန်းဆက်အကူအညီတောင်းတော့ ကျွန်တော်သွားတဲ့အချိန် လူနာက ဆုံးနေပြီ။ ခေါင်းက နဖူးကနေ ကြေသွားတာ။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာနည်းနည်းပဲရပါတယ်” လို့ MT News ကို ပြောပါတယ်။

အဆိုပါ လူမှုကူညီရေးအသင်းကပဲ ဒဏ်ရာရရှိသူကို စစ်ကိုင်းဆေးရုံ OPD သို့ ပို့ဆောင်ပြီး ကွယ်လွန်သူကို ဆေးရုံအနောက် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News