Myanmar Transparency News

ဘိန်းဖြူနှင့်အရက် ရောသောက်မိသည့် မိုးကုတ်နေ အမျိုးသား ရှော့ခ်ဖြစ်ပြီး သေဆုံးသွား

MT News
၂၃. ၉. ၂၀၂၅

မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်အုပ်စု၊ အေးစေတီရပ်ကွက်တွင် အမျိုးသားတစ်ဦးသည် ဘိန်းဖြူနှင့်အရက် ရောသောက်မိရာမှ ရှော့ခ်ဖြစ်ပြီးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု မိုးကုတ်ကို နယ်မြေလုယက်ထိန်းချုပ်ထားသည့် အကြမ်းဖက် တအာင်းလက်နက်ကိုင် TNLA က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် အသက် (၄၉)နှစ်အရွယ် ဦးချစ်အုန်း(ခ)အောင်ချစ်သည် အလုပ်နားချိန်တွင် ဘိန်းဖြူနှင့်အရက်ကို ရောစပ်ပြီးသောက်ခဲ့သောကြောင့် ရှော့ခ်ဖြစ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးနေသည့်ရုပ်အလောင်းကို ပြည်သူလူထုတစ်ဦးမှ တွေ့ရှိခဲ့ပြီး သတင်းပေးပို့မှုအရ သွားရောက်စစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News