Myanmar Transparency News

မကြာမီ ပင်စင်ယူတော့မည့် စစ်တွေမြို့နယ် ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးမှူး ဇနီးမောင်နှံကို PDF များက ဖမ်းဆီး သတ်ဖြတ်

၁၁. ၁၀. ၂၀၂၅
Written by Nay Moe

မကြာမီ ပင်စင်ယူတော့မည့် စစ်တွေမြို့နယ် ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးမှူး ဇနီးမောင်နှံကို PDF များက ဖမ်းဆီး သတ်ဖြတ်လိုက်ကြမှု ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ချောက်မြို့နယ်၊ ကြီးနီကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ချောက်မြို့နယ်၊ ကြီးနီကျေးရွာနေ စစ်တွေမြို့နယ်ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူ ဦးခင်လှိုင်(၅၉)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်ဝင်း(၅၁)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ကြီးနီကျေးရွာအနီး အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့သော လက်နက်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News