နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီယာ အီမန်နာလီယက်ဗ်တို့ ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအရ နှစ်ဖက်ဆောင်ရွက်လျက်ရှိသည့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၏ တိုးတက်မှု အခြေအနေများ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရန် ဦးစားပေး နယ်ပယ်များ သတ်မှတ်ရေး၊ အပြန်အလှန်အကျိုးရှိစေမည့် အခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင်ရေးနှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာရေး တို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် မစ္စတာ ဒါနီယာ အီမန်နာလီယက်ဗ်က ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ပြီးနောက် နှစ်ဖက်ဆက်ဆံရေးနှင့် ကုန်သွယ်ရေး တိုးတက်လာမှုအခြေအနေများ၊ စက်မှု၊ စိုက်ပျိုးရေး၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အာဆီယံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရေးတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး မစ္စတာ အူလာ ဇမီယာ ဘာရာဗီကူတို့က အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ပူးတွဲဥက္ကဋ္ဌများသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများ၏ သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များက နှစ်ဖက်အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး၊ စက်မှု၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အကောက်ခွန်နှင့် စီးပွားရေးလုပ်ငန်း အစရှိသည့် နယ်ပယ် ၅ ခုတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးနှင့် ဘယ်လာရုစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဥရောပ-အာရှ စီးပွားရေး ကော်မရှင်နှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်