Myanmar Transparency News

ကြောင်လျှာသီး ခူးရင်း တံချူနဲ့ ဓာတ်ကြိုးချိတ်မိလို့ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

၁၄. ၁၀. ၂၀၂၅
Written by Hey Mar

အမျိုးသားတစ်ဦး ကြောင်လျှာသီးခူးရင်း မတော်တဆ ဓာတ်လိုက်သေဆုံးတဲ့ ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ပြင်ဦးလွင်အခြေစိုက် သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀)၊ (ခ) ရပ်ကွက်၊ လမ်းသွယ်(၂)ရှိ နေအိမ်တစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ‌၄၀ ဝန်းကျင် အမျိုးသားက အိမ်ခြံဝန်းအတွင်း ကြောင်လျှာပင်ကနေ ကြောင်လျှာသီး တံချူနဲ့ လှမ်းခူးစဉ် ဓာတ်တိုင်ရှိ ဓာတ်ကြိုးနဲ့ အသီးခူးတဲ့ တုတ်ချိတ်မိကာ ဓာတ်လိုက်လို့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
‌
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူ‌တွေက စုံစမ်းစစ်ဆေးမှုတွေအပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းယာဉ်နဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံ ကြီး ရင်ခွဲရုံဆီ ပို့ဆောင်‌ ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News