Myanmar Transparency News

ရွှေကုက္ကိုမြို့သစ်ကတစ်ဆင့် ​သောင်ရင်းမြစ်ကို ဖြတ်ကူး၍ မဲဆောက်ဘက်သို့ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၄ ဦး ထိုင်းတပ်မတော်နှင့် ပက်ပင်းတိုး၍ ဖမ်းဆီးခံရ

၁၇.၁၀.၂၀၂၅
Written By Min Thet

ရွှေကုက္ကိုမြို့သစ်ဘက်ကတစ်ဆင့် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၄ ဦး ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရ သည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ကတစ်ဆင့် သောင်ရင်းမြစ်ဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲ့ယောက်ကျေးရွာဘက် ခိုးဝင်လာချိန် ထိုင်းတပ်မတော်နှင့် ပက်ပင်းတိုး ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၈ ဦးဖြစ်ပြီး ထိုင်းမတော်က စစ်ဆေး ခဲ့စဉ် ယင်းတို့အနေဖြင့် မည်သည့် အထောက်အထားမှ မပါဘဲ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာကြခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

ယခုအခါ အဆိုပါ မြန်မာနိုင်ငံသားများကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်၍ ထိန်းသိမ်းထားကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News