Myanmar Transparency News

တရားမဝင် မြန်မာနိုင်ငံသား ၆၄ ဦးနှင့် ပွဲစား ၃ ဦးကို ထိုင်းတပ်မတော်က ယနေ့ ဖမ်းမိ

၂၆.၁၀.၂၀၂၅
Written By Min Thet

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၆၄) ဦးနှင့် ပွဲစား ၃ ဦးကို ထိုင်းတပ်မတော်က ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ပိုင်းက ဖမ်းဆီးမိကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲ့လမတ်မြို့နယ်၊ မဲ့လမတ်ကျေးရွာအုပ်စု၊ နမ်းဒစ်ဘော်ဝမ်ကျေးရွာအနီး၌ တွင် ထိုင်းတပ်မတော်က ထိုင်းထောက်လှမ်းရေးဌာန၏ သတင်းပေးချက်အရ သွားရောက် စောင့်ဆိုင်းစစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား (၄၃) ဦး၊ အမျိုးသမီး (၂၁) ဦး၊ စုစုပေါင်း ၆၇ ဦး နှင့် ပွဲစား (၃) ဦးတို့ပါဝင်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းတို့နှင့်အတူ အဆိုပါ တရားမဝင် မြန်မာနိုင်ငံသားများအား အကြိုအပို့ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သော ကား (၁) စီးနှင့် ဆိုင်ကယ် (၁) စီးတို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူများအား မဲ့လမတ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း တရာမဝင် ဝင်ရောက်လာမှု ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News