Myanmar Transparency News

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကင်းပုန်းဝပ် ချောင်းမြောင်း ပစ်သတ်လိုက်ပြီး ခဲယမ်းလက်နက်များနှင့် ကျပ် ၆၅၀၀၀ လုယက်ခဲ့ဟု သရက် PDF ဝန်ခံ

နေမိုး
၂၇. ၁၀. ၂၀၂၅

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကင်းပုန်းဝပ်ကာ ချောင်းမြောင်း ပစ်သတ်ပြီး ခဲယမ်းလက်နက်များနှင့် ကျပ် ၆၅၀၀၀ လုယက်ခဲ့သည်ဟု ကျူးလွန်သည့် သရက် PDF များဖြစ်သော သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ဝန်ခံထားသည်။

အောက်တိုဘာ ၂၆ ရက် နံနက် (၆)နာရီ (၃၀) မိနစ်အချိန်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့၊ အင်းလည်ကုန်းကျေးရွာအနီး၊ မင်းတုန်းမြို့ဝင် လမ်းပိုင်းပေါ်တွင် မင်းတုန်းမြို့ရဲစခန်းမှ ရဲတပ်သား (၂)ဦးဖြစ်သော ရဲတပ်သားနေမင်းထက်နှင့် ရဲတပ်သားသန်းထိုက်စိုး တို့အား NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ (၂) ၊ တပ်စိပ်(၅)မှ ကင်းပုန်းဝပ်၍ စောင့်ကြို ချောင်းမြောင်းကာ အလစ်တွင် ပစ်ခတ် တိုက်ခိုက်ရာ ရဲတပ်သား (၂)ဦး နေရာတွင်ပင် ကျဆုံးခဲ့သည်။

ထို့အပြင် ၎င်းတို့ထံမှ G3 (၂)လက်၊ G3 ကျည်ဘောက် (၂)ခု ၊ G3 ကျည် (၂၉)တောင့်၊ လက်ပစ်သီး (၁) လုံး၊ လက်ထိပ် (၁)ခု ၊ ဖုန်း (၁)လုံးနှင့် ငွေသား (၆၅၀၀၀)ကျပ် တို့အား လုယက်သိမ်းဆည်းရရှိခဲ့သည်ဟု ကျူးလွန်သည့် သရက် PDF များဖြစ်သော သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ဝန်ခံထားသည်။

မူရင်းသတင်း — Myanmar Transparency News