Myanmar Transparency News

ဘုံးအိုးရွာ၊ အလယ်ရပ်ရှိ နေအိမ် ရှစ်လုံးနှင့် ဆိတ်ခြံမီးလောင်မှု ဆိတ်များ ခြင်မကိုက်စေရန် မီးမွှေးပေးထားရာမှ မီးစတင်လောင်ခြင်းဖြစ်ဟု စစ်ဆေးတွေ့ရှိ

၁၉.၁၁.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်တွင် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၂ နာရီ ၅ မိနစ်ခန့်က နေအိမ် ၈ လုံးနှင့် ဆိတ်ခြံမီးလောင်မှုမှာ ဆိတ်များ ခြင်မကိုက်စေရန် ခြင်မီးမွှေးထွန်းပေးထားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၄၅​ ပေ၊ အနံ ၃၆ ပေရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် ဆိတ်ခြံတစ်ခြံနှင့် ဆိတ်လေးကောင်​သေဆုံးခဲ့ပြီး နှစ်ထပ်အိမ် ခုနစ်လုံးနှင့် နွားစာတဲတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၆နှစ်အရွယ် ဦးမျိုးမင်းအောင်ဆိုသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမရပူရ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News