Myanmar Transparency News

အမြန်လမ်းမှာ ရပ်နားနေတဲ့ ကုန်တင်ယာဉ်ကို အိမ်စီးယာဉ်က နောက်ကဝင်တိုက်လို့ အမျိုးသားသုံးဦးသေဆုံး

၂၂.၁၁.၂၀၂၅
Written by Hey Mar

ရပ်ထားတဲ့ ကုန်တင်ယာဉ်ကို အိမ်စီးယာဉ်က နောက်က ဝင်တိုက်လို့ လူသုံးဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်က နိုဝင်ဘာ ၂၂ ရက်နေ့၊ ၅ နာရီ ၅ မိနစ်အချိန်ခန့်၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ရန်ကုန်- နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နှင့် ၁၈၀/၃ ကြားမှာ ရပ်နားနေတဲ့ ကုန်တင်ယာဉ်ကို လားရာတူဘက်က‌နေ မောင်းနှင်လာတဲ့ Surf ယာဉ်က နောက်ကနေ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်မှုသတင်းအရ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွင်း Surf ယာဉ်ပေါ်ရှိ အမျိုးသား (၃)ဦး ‌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရုပ်အလောင်းတွေကို ဆွာမြို့မနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ MR မှ သူနာတင်ယာဉ်(၃)စီးတို့နဲ့ ဆွာမြို့တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News