Myanmar Transparency News

NUG ရဲ့ SSPDF တပ်ရင်းမှူး ကားမှောက်လို့ ပွဲချင်းပြီး သေ

၂၄. ၁၁. ၂၀၂၅
Written by Nay Moe

NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း (SSPDF) တပ်ရင်းမှူးမိုကီဟာ ကားမှောက်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

တပ်ရင်းမှူးမိုကီဟာ နိုဝင်ဘာ ၂၃ ရက်ကတစ်ယောက်တည်း ခရီးသွားချိန် ကားမှောက် သေဆုံးသွားတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။

“လက်နက်တွေ သွားသယ်ရင်း ကားဘီးပေါက်ပြီး ချောက်ထဲကျ နေရာတင် ပွဲချင်းပြီးသေသွားတာ”လို့ ဖြစ်စဥ်သိသူတစ်ဦးက ဆိုပါတယ်။

ဒီလိုမျိုး NUG ရဲ့ တပ်ရင်းမှူး ကားမှောက်ပြီး ပွဲချင်းပြီးသေသွားတာကို ကရင်လက်နက်ကိုင်တွေက သူရဲကောင်းဇာနည်အဖြစ် မှတ်တမ်းတင်တယ်လို့လည်း စာပို့တာကို SSPDF က ဖော်ပြနေပါတယ်။

SSPDF ဟာ လက်နက်ကိုင်တဲ့ကာလအတွင်းမှာ လူ ၂၀ လောက် သေဆုံးထားပြီး အဲဒီအထဲမှာ မိုကီကတော့ ရာထူးအမြင့်ဆုံးသေဆုံးသူဖြစ်ပါတယ်။

မူရင်းသတင်း — Myanmar Transparency News