Myanmar Transparency News

ပလပ်ခေါင်းအပူလွန်ကဲရာမှ ​ခြေတံရှည်လူနေအိမ် ကိုးလုံးမီးလောင်မှု မြစ်ကြီးနားတွင် ယနေ့ဖြစ်ပွား

၂၆.၁၁.၂၀၂၅
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက်၊နယ်မြေ (၁၃)တွင် နေအိမ်တစ်လုံးရှိ မိန်းပလပ်ခုံ၌ တပ်ဆင်အသုံးပြုသော ပလပ်ခေါင်းအပူလွန်ကဲပြီး အရည်ပျော်ရာမှ ခြေတံရှည် နေအိမ် ကိုးလုံးမီးလောင်မှု ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းခြေတံရှည် တစ်ထပ် လူနေအိမ် လေးလုံးအပါအဝင် ​ခြေတံရှည်အိမ် ကိုးလုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုရှိမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ်ခြောက်စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၇ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

လူနေအိမ် ကိုးလုံး မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဦးမြင့်စိုးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News