Myanmar Transparency News

ဆိုင်ကယ်မှောက်၍ မြောင်းထဲကျရာမှ အမျိုးသားကြီးတစ်ဦး ဦးခေါင်းထိခိုက် သေဆုံးမှု မော်လမြိုင်တွင် ဖြစ်ပွား

၅.၁၂.၂၀၂၅
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သံလွင်ဥယျာဉ်ဝင်း၊ ရာပြည့်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးတိမ်းမှောက်ကာ မြောင်းထဲကျသဖြင့် အမျိုးသားကြီးတစ်ဦး သေဆုံးမှု ဒီဇင်ဘာလ ၄ ရက် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဘိုကုန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မြောင်းထဲကျရာမှ ဦးခေါင်းထိခိုက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်အနီး ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး ဆိုင်ကယ်သမား မြောင်းထဲထိုးကျနေကြောင်း ဖုန်းဆက်၍ အကူအညီတောင်းခံလာသဖြင့် MR မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့​သော အမျိုးသားကြီးကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း MR မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News