Myanmar Transparency News

ရေကန်အတွင်း ငါးမျှားတံဆင်းယူရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဒဂုံဆိပ်ကမ်းတွင် ဖြစ်ပွား

၅.၁၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၃ ရပ်ကွက်၊ ရွှေလီလမ်းဘေးမှ ခြံဝန်းတစ်ခုအတွင်းရှိ ရေကန်တစ်ခုထဲသို့ ငါးမျှားတံဆင်းယူသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဒီဇင်ဘာလ ၄ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် လင်း (ပရဟိတ)အသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ အသက် ၄၂ နှစ်အရွယ် ဦးစောဌေးဝင်းက အရက်သောက်ထားပြီး ဇနီးသည်နှင့်အတူ ငါးမျှားစဥ် ရေကန်ထဲ ငါးမျှားတံဆင်းယူရာမှ အမူးလွန်၍လဲကျပြီး ပြန်မထနိုင်ဖြစ်ကာ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဇနီးသည်၏ ပြောကြားချက်အရသိရသည်။

ရေနစ်ကာ ပျောက်ဆုံးနေသော အမျိုးသားကို H – RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့​ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို လင်း (ပရဟိတ) အသင်းမှ အသင်းဝင်များက စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News