Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့သက်ကြီးပိုင်း အမျိုးသားကြီးကို PDF များက သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီး သတ်ဖြတ်

၆. ၁၂. ၂၀၂၅
Written by Nay Moe

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့ သက်ကြီးပိုင်းအမျိုးသားကြီးတစ်ဦးကို PDF များက သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်လိုက်မှု ဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာနေ ဦးမြသိန်း(၆၀)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာကာ “သတင်းပေး/ ဒလန်” ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါကျေးရွာအနီး နွယ်လိမ်လမ်းပေါက်နှင့် နှစ်ဖာလုံခန့်အကွာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြသိန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။

မူရင်းသတင်း — Myanmar Transparency News