Myanmar Transparency News

သာကေတရှိ Car Spa ဆိုင် မီးလောင်မှု မီးစက်အင်ဂျင်အပူလွန်ကဲ၍ စတင်လောင်ကျွမ်းဟု စစ်ဆေးတွေ့ရှိ

၉.၁၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အရှေ့ထူပါရုံရပ်ကွက်၊ မြင်တော်သာလမ်းရှိ Ocean Car Spa ဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ မီးစက်နှိုးထားစဥ် ဆီပိုက်ပေါက်ပြီး ဓာတ်ဆီများ အင်ဂျင်တုံးပေါ်ယိုစိမ့်ရာမှ အင်ဂျင်အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

၁၀ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် မီးစက်အနည်းငယ်၊ကား Wiper အနည်းငယ်၊ ရုံးခန်းရှိ ပစ္စည်းအနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် သုံးစီး၊ ရေသယ်ယာဥ် တစ်စီး၊ ကွပ်ကဲမှုယာဥ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် သာကေတ​မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News