Myanmar Transparency News

လက်နက်မဲ့ အုပ်ချုပ်ရေးမှူးအဘိုးအိုကို PDF လေးဦးက ပစ်သတ်

နေမိုး
၁၅. ၁၂. ၂၀၂၅

လက်နက်မဲ့သော ရပ်ကျေး အုပ်ချုပ်ရေးမှူးအဘိုးအိုတစ်ဦးကို PDF လေးဦးက ပစ်သတ်လိုက်ကြသဖြင့် နေရာတင်သေဆုံးခဲ့မှု မလှိုင်မြို့နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်း (၆၆)နှစ်သည် နေအိမ်မှ ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ထွက်ခွာလာစဉ် ရွာလယ်လမ်းဆုံအရောက်၌ PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။

မူရင်းသတင်း — Myanmar Transparency News