Myanmar Transparency News

သင်္ဃန်းကျွန်းရှိ နေအိမ်မီးလောင်မှု အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းရာမှ စတင်ဖြစ်ပွားဟု စစ်ဆေးတွေ့ရှိ

၁၈.၁၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ စန္ဒကူးလမ်း၊ အကွက်(၃၀)တွင် အလျားပေ ၆၀၊ အနံ ပေ ၅၀ ရှိ RC နှစ်ထပ် လူနေအိမ်၏ ၁၅ ပေ၊ ပေ ၃၀ ရှိ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်းဘေးအဖီထပ်ခိုးတွင် ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီ ၅ မိနစ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ အိပ်ရာ​ဘေးတွင် ခြင်ဆေးခွေထွန်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မိနစ်၂၀ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဘေးအဖီထပ်ခိုး၊ ဆိုဖာ၊ တစ်ခါသုံးပလပ်စတစ်ပစ္စည်းများ၊ကားပစ္စည်းအဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၅ စီးအထောက်အကူပြုယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသားကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News