Myanmar Transparency News

မိတ္ထီလာတွင် မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ဆရာတစ်ဦးအား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

နေမိုး
၂၂. ၁၂. ၂၀၂၅

မိတ္ထီလာမြို့နယ်တွင် မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ဆရာတစ်ဦးအား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြေခြားကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးသန်းအောင်(၅၇)နှစ်နှင့် အုံတုံကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးအောင်ကျော်ဦး(၆၂)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News