Myanmar Transparency News

‎ကျောက်တင်ကား ‌တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး နေရာတင်သေဆုံးပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရမှု ပေါင်မြို့မှာဖြစ်ပွား‎‎

၂၅. ၁၂. ၂၀၂၅

Written by Hey Mar

‎
‎မွန်ပြည်နယ်၊ ပေါင်မြို့မှာ ကျောက်တင်ကားတစ်စီး တိမ်းမှောက်ရာက နှစ်ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရတဲ့ဖြစ်စဉ် ဒီနေ့ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
‎
‎ဖြစ်စဉ်က ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ လူသုံးဦးအနက် အမျိုးသမီးနှစ်ဦး နေရာတင်သေဆုံးကာ အမျိုးသားမှာပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
‎
‎အဆိုပါ ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူနှစ်ဦးကို အနန္တမေတ္တာလူမှုကယ်ဆယ်ရေးအသင်း ယာဉ်နဲ့ မုတ္တမတိုက်နယ်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News