Myanmar Transparency News

လွတ်လပ်ရေးနေ့တွင် ဆိုင်ကယ်ဖြင့် ကျေးရွာကူးသည့် ရာအိမ်မှူးကို PDF လေးဦးက ပစ်သတ်

နေမိုး
၅. ၁. ၂၀၂၆

ယမန်နေ့ ဇန်နဝါရီ ၄ ရက်က ကျရောက်သော ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ဆိုင်ကယ်ဖြင့် ကျေးရွာကူးသည့် ရာအိမ်မှူးတစ်ဦးကို PDF လေးဦးက ပစ်သတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရှိရသည်။

ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာနေ ရာအိမ်မှူး ဦးဇော်ဝင်း(၅၆)နှစ်သည် ပရပ်ကြယ်ကျေးရွာမှ ကွင်းပေါင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အောင်မြင်သာကျေးရွာ အနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။  

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။

မူရင်းသတင်း — Myanmar Transparency News