Myanmar Transparency News

ဘန်ကောက်သို့ အလုပ်လုပ်ရန် တရားမဝင် သွားရောက်သည့် မြန်မာလုပ်သား ၁၃ ဦး နှင့် ထိုင်းနိုင်ငံသားယာဉ်မောင်းအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

၁၀.၁.၂၀၂၆
Written By Min Thet

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သည့် တရားမဝင် မြန်မာလုပ်သား ၁၃ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၉ ရက် တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က အယုဒ္ဓယမြို့အနီးရှိ ဟိုက်ဝေးလမ်းပိုင်းပေါ် လှည့်ကင်းဆောင်ရွက်နေချိန် မသင်္ကာဖွယ်ရာ မှန်လုံကားတစ်စီးကို တားဆီးစစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ အဆိုပါ မြန်မာနိုင်ငံသားများက ဘန်ကောက်မြို့တွင် အလုပ်လုပ်နိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိပေးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ကားဖြင့် တင်ဆောင်လာသူ ယာဉ်မောင်းမှာ ထိုင်းနိုင်ငံသား ဖြစ်ပြီး လက်ရှိတွင် ဖမ်းမိသူအားလုံးကို အယုဒ္ဓယရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News