



၈.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ ဝဇီရာမှတ်တိုင်အနီးတွင် နံရံကပ်ပန်ကာ မော်တာဂျန့်ဖြစ်ပြီး မီးပွားထွက်ရာမှ ဖုန်းပြုပြင်ရေးဆိုင် မီးလောင်ကာ လူတစ်ဦးဒဏ်ရာရမှု နိုဝင်ဘာလ ၈ ရက် နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ RC မြေညီထပ်တွင် ဖွင့်လှစ်ထားသော Best Top ( 2) ဖုန်းပြုပြင်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံရံကပ်ပန်ကာရှိ မော်တာဂျန့်ဖြစ်ရာမှ မီးပွားထွက်ကာ အောက်ရှိ ကြိတ်သားခုံပေါ်သို့ မီးပွားကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆယ်မိနစ်ခန့်ကြာမြင့်သော မီးလောင်မှုကြောင့်အဆောက်အအုံနှင့် ဝါယာကြိုးများ၊ကြိတ်သားခုံ၊ပန်ကာတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်တာဝန်ခံ အမျိုးသားတစ်ဦး၏ ညာဘက်လက်နှင့် ညာဘက်ခြေသလုံးတို့တွင် မီးဟပ်ခံရသောဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး ၊ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဖုန်းပြင်ဆိုင်မီးလောင်မှုကြောင့် အသက် ၂၅ နှစ်အရွယ် ဆိုင်တာဝန်ခံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။