Myanmar Transparency News

တောင်တွင်းကြီး PDF လေးဦးက လက်နက်မဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

နေမိုး
၈. ၁၁ ၂၀၂၆

တောင်တွင်းကြီး PDF လေးဦးက လက်နက်မဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်မှု ယမန်နေ့က ကျုးလွန်ခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး(၅၆)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF လေးဦးမှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်နေ ဦးကြည်ထွေး(၅၇)နှစ်သည် မီးရှောင်ကုန်းကျေးရွာသို့ ဈေးရောင်းရန် သွားရောက်စဉ် ကျေးရွာအဝင် လမ်းဆုံအရောက်၌ PDF လေးဦးနှင့်တွေ့ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။

မူရင်းသတင်း — Myanmar Transparency News