Myanmar Transparency News

လမ်းဘေးရပ်ထားသော တွဲကားကို အိုးဝေဝင်တိုက်ရာမှ အမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

သက်တံ့
၈. ၁၁. ၂၀၂၆

လမ်းဘေးရပ်ထားသော တွဲကားကို အိုးဝေတစ်စီးဝင်တိုက်ရာမှ အမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု မော်လမြိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၇ ရက် ည ၈ နာရီ အချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် မော်လမြိုင်မှ မုဒုံသို့မောင်းနှင်လာသော အိုးဝေယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော တွဲကားယာဉ်အား အနောက်မှ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် အိုးဝေယာဉ်ပေါ်ပါ အမျိုးသား (၄) ဦးအနက် အမျိုးသား (၂) ဦး သေဆုံးကာ အမျိုးသား (၁) ဦးစိုးရိမ်ဒဏ်ရာရပြီး အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် သေဆုံးဒဏ်ရာရသူများအား ရာမညလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်ကို မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ် (၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News