

၈.၁၁.၂၀၂၆
Written by KL
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၊ iCAR (18) ကားဝပ်ရှော့ဆိုင်တွင် လုံခြုံရေးဝန်ထမ်းက ပြုပြင်ရန်ထားရှိသည့် ကားတစ်စီးကို မီးရှို့မှု နိုဝင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် Super Custom အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ကားဝပ်ရှော့တွင် မီးလောင်မှုကြောင့် မော်တော်ယာဥ်ကို မီးရှို့ခဲ့သူလုံခြုံရေးဝန်ထမ်း ဟိန်းသူထက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ ဖြင့် တောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။