Eleven Media Group

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်(၁၈)ပွဲစလုံးကို ဒီနေ့ည တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမယ်

Photo: X

၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်(၁၈)ပွဲစလုံးကို ဒီနေ့ည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ ပြိုင်ပွဲဝင်အသင်း(၃၆)သင်းပါဝင်ပြီး တစ်သင်းကို (၈)ပွဲစီ ယှဉ်ပြိုင်ကစားရတာပါ။
အမှတ်ပေးဇယားမှာ အဆင့်(၁)ကနေ (၈)အထိ ရပ်တည်နိုင်တဲ့ ထိပ်ဆုံး(၈)သင်းက ရှုံးထွက်(၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး အောက်ဆုံး(၈)သင်းက ပြိုင်ပွဲက ထွက်ရမှာပါ။
အဆင့်(၉)ကနေ အဆင့်(၁၆)အထိ ရပ်တည်နိုင်တဲ့(၈)သင်းက Play-offs အဆင့်ကို တက်ရောက်ခွင့်ရပြီး ဆီဒင်ရအသင်းတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။
အဆင့်(၁၇)ကနေ အဆင့်(၂၄)အထိ ရပ်တည်နိုင်တဲ့ (၈)သင်းကတော့ Play-offs အဆင့်မှာ ဆီဒင်မဲ့အသင်းတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ဆီဒင်ရအသင်းတွေနဲ့ ယှဉ်ပြိုင်ကာ (၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရဖို့ ကြိုးစားရမှာပါ။
ပွဲစဉ်(၇)အပြီးမှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ အဖြေထွက်ခဲ့ပြီး အင်္ဂလန်ကလပ်(၆)သင်းစလုံး တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဖရန့်ဖတ်၊ ဆလားဗီးယားပရပ်ဂ်၊ ဗီလာရီးယဲလ်နဲ့ ကိုင်ရတ်တို့ကတော့ လိဂ်အဆင့်ကနေ ထွက်ခွာရဖို့ သေချာသွားခဲ့ပါပြီ။

မူရင်းသတင်း — Eleven Media Group