
နာပိုလီနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက် နေပယ်မြို့ကို လိုက်ပါအားပေးကြတဲ့ ချယ်လ်ဆီးပရိသတ်တွေထဲက နှစ်ဦးဟာ မနေ့က ဓားနဲ့တိုက်ခိုက်ခြင်းခံခဲ့ရတာကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက ပရိသတ်တွေကို အထူးဂရုပြုနေထိုင်သွားလာဖို့ သတိပေးထားကြောင်း သိရပါတယ်။
နာပိုလီအသင်းရဲ့ အစွန်းရောက်ပရိသတ်အဖွဲ့တစ်ဖွဲ့က အဝေးကွင်းပရိသတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတာကြောင့် အခုလိုဖြစ်ရပ်တွေ မကြာခဏ ပေါ်ပေါက်ဖူးကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိဖို့အတွက် နာပိုလီအသင်းကို အနိုင်ရဖို့ လိုအပ်နေတာကြောင့် ပရိသတ်(၂၅၀၀)ဝန်းကျင် လိုက်ပါအားပေးကြကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ပရိသတ်တွေကို နေပယ်မြို့တွင်း သွားလာလည်ပတ်တဲ့အခါ ချယ်လ်ဆီးပရိသတ်အဖြစ် သိသာစေမယ့် ဝတ်စားဆင်ယင်မှုမျိုး မပြုလုပ်ဖို့၊ ဘောလုံးကွင်းကို သွားတဲ့အခါမှာလည်း ရဲအစောင့်အကြပ်ပါဝင်တဲ့ ဘတ်စ်ကားကိုသာ စီးနင်းဖို့ သတိပေးထားကြောင်း သိရပါတယ်။