Eleven Media Group

အသက် ၁၆ နှစ်သာရှိသေးတဲ့ မက်စ်ဒေါင်းမန်းကို အာဆင်နယ်အသင်း အကြိုသဘောတူစာချုပ် ချုပ်ဆို

Photo: Arsenal

အာဆင်နယ်အသင်းဟာ အသက် ၁၆ နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းကို အသက် ၁၇ နှစ်ပြည့်ချိန်မှာ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့အတွက် အကြိုသဘောတူစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
မက်စ်ဒေါင်းမန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အသက် ၁၆ နှစ်ပြည့်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အင်္ဂလန်ယူ-၁၉ အသင်းအတွက် ကစားနေသူဖြစ်ပါတယ်။
မက်စ်ဒေါင်းမန်းဟာ အာဆင်နယ်အသင်းကို အားပေးတဲ့ မိသားစုကနေ ပေါက်ဖွားလာခဲ့သူဖြစ်ပြီး အသက် ၈ နှစ်အရွယ်ကတည်းက အာဆင်နယ်အကယ်ဒမီကို ရောက်ရှိခဲ့သူပါ။
မက်စ်ဒေါင်းမန်းဟာ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားနေရာတွေမှာ ထူးချွန်စွာ ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကြိုကာလကစပြီး အာဆင်နယ်အသင်းမှာ စတင်ကစားခွင့်ရရှိခဲ့ပါတယ်။
ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားစတုတ္ထအဆင့်မှာ ၁၅ နှစ်၊ ၃၀၂ ရက်အရွယ်နဲ့ ပါဝင်ကစားခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်စ်ဒေါင်းမန်းဟာ တောက်ပလာမယ့် ဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်တာကြောင့် အာဆင်နယ်အသင်းက နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့ ရည်ရွယ်ထားပြီး အခု ပထမအဆင့်အဖြစ် အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အသက် ၁၇ နှစ်ပြည့်မယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုသွားမှာပါ။

မူရင်းသတင်း — Eleven Media Group