Eleven Media Group

ပထမဆုံးကျင်းပတဲ့ ၂၀၂၆ ဖီဖာအမျိုးသမီးချန်ပီယံဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်း ချန်ပီယံဆု ဆွတ်ခူး

Photo: X

အာဆင်နယ်အမျိုးသမီးအသင်းဟာ ဒီရာသီမှာမှ ပထမဆုံးအကြိမ် စတင်းကျင်းပပြုလုပ်တဲ့ ဖီဖာအမျိုးသမီးချန်ပီယံဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲမှာ ကွန်ကာကပ်ဖ်၊ တောင်အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်က အမျိုးသမီးချန်ပီယံ ကလပ်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၂၄-၂၅ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အာဆင်နယ်အသင်းက ဘရာဇီးလ်ကလပ် ကိုရင်သီယန်၊ အမေရိကန်ကလပ် ဂေါ့သမ်အသင်းတွေနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်က စတင်ယှဉ်ပြိုင်ရပါတယ်။
ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အသင်းက အာဖရိကကလပ် AS FAR အသင်းကို (၆-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကိုရင်သီယန်က ဂေါ့သမ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ကိုရင်သီယန်တို့ မိနစ်(၉၀)အတွင်း (၂-၂)ဂိုးနဲ့ သရေကျနေခဲ့ပြီး အချိန်ပိုမှာ အာဆင်နယ်အသင်းက အနိုင်ဂိုးသွင်းယူခဲ့တာပါ။
ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား ဖရီဒါမာနမ်က ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်ကစပြီး လန်ဒန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်နှစ်ပွဲကို ဘရန့်ဖို့ဒ်အသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့သလို၊ ဗိုလ်လုပွဲကို အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံဆုနဲ့အတူ ဆုကြေးပေါင်(၁.၇)သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group