Eleven Media Group

ပက်ကီယောင်းနဲ့ ပရိုဗော့နီကော့ဗ် ဧပြီ ၁၈ ရက်မှာ သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်မယ်

Photo: X

၀ါရင့်ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းနဲ့ ရုရှားလက်ဝှေ့သမားဟောင်း ပရိုဗော့နီကော့ဗ်တို့ ဧပြီ ၁၈ ရက်မှာ သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်မယ်လို့ သိရပါတယ်။
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ပက်ကီယောင်းနဲ့ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ပရိုဗော့နီကော့ဗ်တို့ရဲ့ပွဲစဉ်ကို လတ်စ်ဗေးဂတ်စ်ရှိ Thomas and Mack Center မှာ ၁၀ ချီပွဲစဉ်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။
၀ိတ်တန်းရှစ်ခုမှာ ကမ္ဘာ့ချန်ပီယံခါးပတ်များရရှိဖူးသူ ပက်ကီယောင်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ လက်ဝှေ့လောကက အနားယူကာ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ တစ်ကျော့ပြန်ထိုးသတ်ခဲ့သူဖြစ်ပါတယ်။
ပက်ကီယောင်းနဲ့ ထိုးသတ်မယ့် ပရိုဗော့နီကော့ဗ်ဟာလည်း လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက အနားယူခဲ့သူဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group