
အဲဗာတန် - မန်ယူ (ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အာမိုရင်မ်လက်ထက်က ရှုံးကြွေးကို ကာရစ် ပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲပါ။ အဲဗာတန်အသင်းရဲ့ လက်ရှိအနေအထားက ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်ခွင့်ရနေပြီး မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ အပြိုင်လုရမယ့်အခြေအနေပါ။ အဲဗာတန်အသင်းက နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာ ရှုံးထားပေမဲ့ ခြေစွမ်းက အားရစရာတော့ သိပ်မရှိပါဘူး။ မန်ယူက နောက်ဆုံးပွဲမှာ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပေမဲ့ ကာရစ်လက်ထက်မှာ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ တိုးတက်မှုရှိနေပါတယ်။ မန်ယူက အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပေမဲ့ အဲဗာတန်ကလည်း အိမ်ကွင်းနောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ မန်ယူ အနိုင်သေချာတဲ့ပွဲပါ။
ဖီအိုရင်တီးနား - ပီဆာ (ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၂းဝ၀ နာရီ)
တန်းဆင်းဇုန်ထဲကနှစ်သင်း အမှတ်လုရမယ့်ပွဲပါ။ ပီဆာက နိုဝင်ဘာလကတည်းက နိုင်ပွဲပျောက်နေပြီး ဖီအိုရင်တီးနားကတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်ကောင်းလာပါတယ်။ ဖီအိုရင်တီးနားကိုပဲ ရွေးချင်ပါတယ်။
ဘိုလော့ဂ်နာ - အူဒီးနီးစ် (ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၂း၁၅ နာရီ)
အဆင့်(၁၀)နဲ့ (၁၁)နေရာမှာ တစ်မှတ်အကွာနဲ့ ရပ်တည်နေကြတဲ့အသင်းတွေဖြစ်ပြီး လတ်တလောမှာ ဘိုလော့ဂ်နာက နှစ်ပွဲဆက်နိုင်ပြီး အူဒီးနီးစ်က နှစ်ပွဲဆက်ရှုံးထားပါတယ်။ အိမ်ကွင်းမှာ နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ ဘိုလော့ဂ်နာ နိုင်ပွဲပြန်ရှာတွေ့ပါလိမ့်မယ်။
အလာဗတ်စ် - ဂျီရိုနာ (ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး တန်းဆင်းအန္တရာယ်ရှိနေကြတဲ့အသင်းတွေဖြစ်ပြီး အလာဗတ်စ်ကတော့ ပိုပြီးစိုးရိမ်ရပါတယ်။ ဂျီရိုနာက ၂၀၂၆ မှာ ရှုံးပွဲတစ်ပွဲသာရှိသေးတဲ့အပြင် ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာကို အနိုင်ကစားခဲ့ပါတယ်။ ဒါကြောင့် အဝေးကွင်းဖြစ်ပေမဲ့ ဂျီရိုနာကိုပဲ ကြိုက်ပါတယ်။