Myanmar Transparency News

LED မီး အပူလွန်ကဲရာမှ ဘီယာဆိုင်မီးလောင်မှု မြောက်ဥက္ကလာပတွင် ဖြစ်ပွား

၁၉.၃.၂၀၂၆
Written by KL

ဘုရားမီးထွန်းထားသော LED မီး အပူလွန်ကဲရာမှ “လပြည့်”စည်ဘီယာနှင့် စားသောက်ဆိုင်မီးလောင်မှု ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် သိင်္ဂီလမ်းတွင် မတ်လ ၁၈ ရက် ည ၆နာရီ ၃၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

“ဘုရားမီးပူဇော်ထားတဲ့ LED မီးက အပူလွန်ပြီး အောက်မှာရှိတဲ့အဝတ်အထည်တွေကို မီးကူးပြီး စလောင်တာ။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

၁၅ မိနစ်ခန့်ကြာမြင့်သော မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း နှစ်ထပ်အဆောက်အအုံ၊ ဆိုင်သုံးပစ္စည်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၁၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ည ၆ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းခဲ့​ကြောင်း သိရသည်။

ဘီယာဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေ ၂၈၅ ဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News