Myanmar Digital News

စားသုံးဆီသုံးစွဲမှုနှုန်းအား စစ်တမ်းကောက်ယူလေ့လာခြင်း မြန်အောင်တွင်ဆောင်ရွက်

မြန်အောင် နိုဝင်ဘာ ၁၂

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စားသောက်ကုန် စီးပွားရေးလုပ်ငန်းများ၏ စားသုံးဆီသုံးစွဲမှုနှုန်းအား စစ်တမ်းကောက်ယူ လေ့လာခြင်းကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ "မင်းစန်းဦး" စားသုံးဆီကိုယ်စားလှယ် အရောင်းဆိုင်တွင် စက်မှုလုပ်ငန်းသုံး ဆီထုတ်ယူသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စစ်တမ်းကောက်ယူခဲ့ကြသည်။

 

နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများက စစ်တမ်းကောက်ယူ လေ့လာခြင်းဖြစ်ပြီး မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်း‌ဇော်ဦးမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြန်အောင်မြို့မှ စက်မှုလုပ်ငန်းသုံး ဆီထုတ်ယူသုံးစွဲသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စားသောက်ကုန် စီးပွားရေးလုပ်ငန်းရှင် (၁၃၃)ဦးတို့အား အောက်တိုဘာလအတွင်း စားအုန်းဆီ (၉၃ ဒသမ ၉၀) ပေပါကို (၄)ကြိမ်ခွဲ၍ လုပ်ငန်း ကြီး၊ ငယ်၊ လတ် ခွဲ၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ဝင်းဗိုလ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News