Popular Myanmar

မြန်မာနိုင်ငံငလျင်ကော်မတီက တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ်(ရန်ကုန်)ရှိ အဆောက်အအုံကြံခိုင်မှုအခြေအနေ စစ်ဆေး

ရန်ကုန်၊ ဇူလိုင်-၂၂

မြန်မာနိုင်ငံငလျင်ကော်မတီသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ်(ရန်ကုန်) ကောလိပ်ဝင်းရှိ “ ဆရာမများဆောင်” အဆောက်အအုံ၏ ကြံခိုင်မှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ မြို့နယ် သုံးခုမှ ရပ်ကွက် သုံးခုကို Pilot Project အဖြစ် ဇူလိုင်လပထမအပတ်တွင်လည်း ငလျင်ကော်မတီက စစ်ဆေးဆာင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုပြင် ရပ်မိရပ်ဖများ၊ တာဝန်ရိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီ စီမံကိန်း ရည်ရွယ်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်ဒဏ်ကြံခိုင်မှုကို စစ်ဆေးဆန်းစစ်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံ​ငလျင်ကော်မတီ

မူရင်းသတင်း — Popular Myanmar