နေပြည်တော်၊သြဂုတ်-၁၂
လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်ကို Digital စနစ်သို့ အရှိန်အဟုန်မြှင့် ကူးပြောင်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စနစ်ကူးပြောင်းမှုအတွက် သက်တမ်း နှစ် (၂၀) ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများအား e-Meter Application မှတစ်ဆင့် အမြန်ဆုံး တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကူးပြောင်းရန် ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေးဌာနတို့၌ Digital Smart Meter များ စနစ်တကျ စမ်းသပ်စစ်ဆေး ထိန်းသိမ်းထားရှိမှု၊ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုတို့ကိုပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့(ဩဂုတ်၁၂)၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့အပြင် ပြည်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မီတာအလွယ်တကူ လျှောက်ထားနိုင်ရန်နှင့် သတ်မှတ်နှုန်းထားများအတိုင်း မသမာမှုကင်းရှင်းစွာ တပ်ဆင်ပေးရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။