Popular Myanmar

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်

ပဲခူး၊ ဇူလိုင် ၂၃

ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်တွင် မသန်စွမ်းသူ ၈,၆၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့ဒေသရှိ မသန်စွမ်းသူများ အများတန်းတူ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေး ပူးပေါင်း၇ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

သင်တန်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအပြင် မသန်စွမ်းမှုစိစစ်ရေးအတွက် အသက်အရွယ်အလိုက် ပြုစုထားသည့် မေးခွန်းလွှာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar