ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို့၏စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်အလိုတွင်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၂၅ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။
ယင်း သံလွင်မြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း၌ ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ ဘားအံမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။