Popular Myanmar

AI ကို လုပ်ငန်းရှင်တွေ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချနိုင်အောင် နည်းလမ်းမျှဝေခဲ့တဲ့ Yangon’s Digital Marketing & AI Panel Discussion အခမ်းအနား

“လုပ်ငန်းရှင်တွေအနေနဲ့ AI နည်းပညာက တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာ သူတို့လုပ်ငန်းမှာ ဘယ်လိုမျိုး အဓိက အသုံးချရမလဲ၊ အသုံးချတဲ့အပေါ်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့အသုံးချဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Team နဲ့ AI နဲ့ တွဲပြီးသုံးရမလဲ၊ AI ဆိုတာက လူတွေကို အစားထိုးဖို့ မဟုတ်ဘဲနဲ့ Business Group Partner အနေနဲ့ အသုံးပြုဖို့အတွက် AI ကို သုံးသင့်တယ်ဆိုတဲ့အကြောင်းအရာတွေကို Panel Discussion မှာ ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်” – ဒေါ်မှူးသပြေခွန်အောင် (Digital marketing by Hmue agency Founder & CEO)

“ဒီဘက်ခေတ်မှာက ကာယအားနဲ့ မပြိုင်ကြတော့ဘူး၊ ဉာဏအားနဲ့ပြိုင်ကြတဲ့အချိန်မှာ ကျွန်တော်တို့လို တိုးတက်ဆဲနိုင်ငံတွေအတွက်ကတော့ နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် ဉာဏကို တိုးတက်ဖို့လိုတယ်။ Digital Marketing တွေပါတယ်၊ AI တွေပါတယ်။ ဒါတွေကို သိထား၊ တတ်ထားမှ ကျွန်တော်တို့နိုင်ငံက ပိုပြီးတိုးတက်မှာဖြစ်ပါတယ်” – ကိုခန့်ကျော်ဇော – The Profit Marketer

မူရင်းသတင်း — Popular Myanmar