Popular Myanmar

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၈

ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ အသုံးမပြုရ။

ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီး၊ မနှောင့်ယှက်ရ။

ရထား ထွက်ခွာချိန် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရ။

ရထားအမိုး၊ ခြေနင်း၊ အတွဲများကြားနှင့် ခွင့်မပြုထားသည့်နေရာများတွင် မစီးနင်းရ။

အခြားခရီးသည်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူ၊ အပြောအဆိုများ မပြုလုပ်ရ။

ရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို မနှောင့်ယှက်၊ မတားဆီး၊ အနိုင်မကျင့်ရ။

ခွင့်ပြုချက်မရှိသော ဈေးရောင်းချသူများနှင့် တောင်းရမ်းသူများသည် တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကို လိုက်နာရမည်။

ရထားလမ်းဖြတ် ဂိတ်တံခါးများကို ခွင့်ပြုချက်မရှိဘဲ မဖွင့်၊ မပိတ်ရ။

ဆေးလိပ်မသောက်ရသည့် ဘူတာနယ်မြေနှင့် ရထားတွဲများတွင် ဆေးလိပ်မသောက်ရ။

အရေးယူမှု

စည်းကမ်းဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ ဖြစ်စေ၊

ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဖြစ်စေ၊

ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူခံရမည်။

အသေးစိတ်အချက်အလက်များကို ORTP Hotline 1188 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Popular Myanmar