Eleven Media Group

■ဒုတိယဝါဆိုလပြည့်နေ့တွင် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆံ‌တော်ရှင်ကျိုက်သလ္လံ‌စေတီတော် နှင့် မဟာမြတ်မုနိဘုရားသို့ လာရောက်ဖူးမြော်သူများပြား

ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ယနေ့ (ဇူလိုင် ၂၉ ရက်) တွင် မော်လမြိုင်မြို့၏ ကျက်သရေဆောင်ဆံ‌တော်ရှင်ကျိုက်သလ္လံ‌စေတီတော် နှင့် မဟာမြတ်မုနိဘုရား သို့ လာရောက်ဖူးမြော်သူများပြားခဲ့ကြောင်း သိရသည်။

ယနေ့ မော်လမြိုင်မြို့တွင် မိုးရွာသွန်းမှုမရှိဘဲ ရာသီဥတုသာယာနေသည့်အတွက်ကြောင့်လည်း ဘုန်းတော်ကြီးကျောင်းများတွင် သီလစောင့်တည်ကြသူများ၊ မော်လမြိုင်မြို့ပေါ်ရှိ စေတီ‌တော်များ၊ ဘုရားများသို့ လာရောက်ဖူးမျှော်သူများဖြင့် စည်ကားနေခြင်းဖြစ်သည်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအလေးထားသော နေ့ထူးရက်မြတ် တစ်ရက်ဖြစ်ကြောင်း၊ ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ ဘုရားလောင်း တောထွက်တော်မူသောနေ့နှင့် ဘုရားအဖြစ်သို့ ရောက်ပြီး ဓမ္မစကြာတရားဦးကို ဟောကြားသောနေ့လည်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group