Eleven Media Group

ရေးမြို့နယ် လမိုင်းမြို့အနီးရှိ ကော့ကျိုက်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပြီး သံဃာတစ်ပါး ပျံလွန်တော်မူ

ရေးမြို့နယ်၊ လမိုင်း-သောင်ပြင် လမ်းပိုင်းရှိ ကော့ကျိုက်ဘုန်းကြီးကျောင်းမှာ ယမန်နေ့ သြဂုတ် ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပြီး ကျောင်းအတွင်းရှိ သံဃာတစ်ပါး ပျံလွန်တော်မှုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဘုန်းကြီးကျောင်းမှာ ဩဂုတ်လ (၁၂) ရက်‌‌နေ့ ည ၁၀ နာရီဝန်းကျင်မှစ၍ မီးလောင်မှုဖြစ်ခဲ့ရာ ၁၁ နာရီတွင် မီးငြိမ်းနိုင်ခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "မီးလောင်မှုဖြစ်ခဲ့တဲ့ ကျောင်း ဆောင်မှာ သံဃာတစ်ပါးတည်း သီတင်းသုံးနေတာပါ။ မီးလောင်မှုဖြစ်တော့ အချိန်မီ ထွက်မပြေးနိုင်လို့ ပျံလွန်တော်မူခဲ့ရတာပါ ဟု ပြောကြားသည်။

မည်သည့်အခြေအနေကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ကို မသိရကြောင်းနှင့် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မီးလောင်မှုအား လမိုင်းမြို့ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ကေဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

Photo Credit - CJ

မူရင်းသတင်း — Eleven Media Group