Eleven Media Group

■သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်တွင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်တွင် YBS ယာဉ်တစ်စီး မီးလောင်မှု ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီ ၄၈ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီ ၄၈ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်တွင် YBS ယာဉ်တစ်စီး မီးလောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၇ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

နံပါတ်(၆)YBS ယာဉ်၏နောက်အခန်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်ချိန် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ ပရဟိတအသင်းအချို့ကလည်း သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group