Myanmar National Post

ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ၊ ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့အား ဆောင်ရွက်







ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သြဂုတ် ၁၃

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈၊ ၁၉၊၂၄၊၂၅)ရပ်ကွက်၊ စည်ပင်လမ်းနှင့် မြိတ်လမ်း(ဂိတ်ဟောင်းမှတ်တိုင်)အနီးရှိ လက်သုတ်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား မိုးရာသီကာလတွင်အဖြစ်များနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာလက်ကမ်းစာဆောင်ဝေငှခြင်း၊ ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့အား (၁၃,၈,၂၀၂၆)ရက်နေ့(၁၆း၀၀)အချိန်တွင် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှ ဆရာဝန်ကြီးဦးစိုးလင်းထူး နှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သင်းသင်းအေး၊ မြို့နယ်စည်ပင်သာယာမှ ဦးမင်းမင်းဦးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ တို့မှပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေခြင်းကြောင့် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ ၉.၈.၂၀၂၆ ရက်နေ့မှ ၁၀.၈.၂၀၂၆ ရက်နေ့ထိဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦးရောက်ရှိလာကြောင်း၊ - ၁၁.၈.၂၀၆ ရက်နေ့တွင်လူနာသစ် (၇၀) ဦးထပ်မံရောက်ရှိလာကြောင်း၊  ၁၁.၈.၂၀၂၆ ရက်နေ့ထိဆေးရုံတက်လူနာ (၉၈) ဦး ၊ ဆေးရုံဆင်း (၈)ဦး၊အသက် ၉၂ အရွယ်သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း၊ ၁၂.၈.၂၀၂၆ ရက်နေ့တွင်လူနာသစ် (၈၄)ဦးထပ်မံရောက်ရှိလာပြီး ယနေ့ထိပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ (၅၄)ဦး ရှိကြောင်း ဖြေကြားထားသည်။ 

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမခန့်ခွဲမူလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်ပင်၊ ကျန်းမားရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက် နှင့်ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post