Popular Myanmar

ငလျင်အန္တရာယ် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လအတွင်း ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၃၀

ငလျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မှန်ကန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Earthquake Bootcamp 2026 ကို မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Bootcamp ကို ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်) ၌ ကျင်းပမည်ဖြစ်သည်။

သင်တန်းတွင် ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံအသိပညာများ၊ ဘေးအန္တရာယ်လျော့ပါးရေး နည်းလမ်းများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်ပြီး ပါဝင်သူများအနေဖြင့် အတွေ့အကြုံများ ဖလှယ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ကြိုတင်ပြင်ဆင်လိုသူများ၊ အရေးပေါ်တုံ့ပြန်နိုင်မှု စွမ်းရည်မြှင့်တင်လိုသူများနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသူ မည်သူမဆို အသက်အရွယ်ကန့်သတ်ချက်မရှိ တက်ရောက်နိုင်ပြီး ယခင်အတွေ့အကြုံရှိရန် မလိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီက ထုတ်ပြန်ထားသည်။

Earthquake Bootcamp 2026 သို့ ပါဝင်တက်ရောက်လိုသူများအနေဖြင့် သတ်မှတ်ထားသည့် Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar